
သူမ အလွန်ဂုဏ်ယူဝံ့ကြွားခဲ့ရသည့် အဆောင်သူတချို့၏ လိင်မှုကိစ္စ အပေါ်သဘောထား နှင့် လုပ်ဆောင်ကျင့် သုံးနေမှုကို အမှတ်မထင်သိခွင့်ရလိုက်ခြင်းက ဒေါ်နုနုရှိန်၏ စိတ်ကို အလွန်အနှောက်အယှက်ပေးသည် ကို အထူး ပြောရန်လိုမည် မထင်ပါ။ သူမ ခမျာ အရမ်း လည်းထိတ်လန့်တုန်လှုပ်မိပါသည်။ ထိုအကြောင်းတွေ ကြား ရပြီးကထဲက ခေါင်းထဲမှာ ဒါကိုပဲ တွေးနေမိသည်။“good morning ဆရာမ၊ မဂၤလာပါ”တက်ကြွလန်းဆတ်သည့် အသွင်ဖြင့် ထမင်းစားခန်းထဲဝင်လာပြီး နှုတ်ဆက်သည့် စန္ဒာ့ ကို ဒေါ်နုနုရှိန် ပြန်နှုတ် မဆက်မိသေးပဲ ငေးကြောင်ကြည့်နေမိပါသည်။ အိပ်ရေးမဝ လို့ ငူငူငေါင်ငေါင်ဖြစ် နေသည့် သူမနှင့် ဆန့်ကျင် စွာပင် စန္ဒာက ကြည်လင်ဖျတ်လတ်နေ၏။“အော် …အေး …မင်္ဂလာပါကွယ်”မီးခိုးရောင်ရင့်ရင့် ကုတ်နှင့် စကပ်ရှည်ကို ဆင်စွယ်ရောင်ကိုယ်ကြပ်ဖြင့် တွဲဖက်ဝတ်ဆင် ထားသည့် စန္ဒာက ပြန် ပြုံးပြလိုက်ပြီး ထမင်းစားပွဲမှာဝင်ထိုင်သည်။ တော်ဝင်ပန်းက မနက် စာတော့ စီစဉ်မပေးပါ။ အဆောင်သူတွေက ဒေါ်အေးစိန်၏ ကောင်မလေးတွေကို မုန့်ဖိုးပဲ ဖိုးပေးပြီး စီစဉ် ခိုင်းတာမျိုးကိုတော့ ဒေါ်နုနုရှိန် မသိသလိုပင် နေပါ ၏။ အခုလည်း စန္ဒာက ကောင်မလေး တွေ ဝယ်ပေးထားသည့် မုန့်ဟင်းခါးစားနေသည်။ဟိုတလောကမှ ၂၈ နှစ်ပြည့်သည့်စန္ဒာက တဆောင်လုံးကို မုန့်ကျွေးတာပြန်မှတ်မိသည်။ လူက ပိန်ပိန်သွယ် သွယ်ဖြစ်သော်လည်း စန္ဒာ့ရင်သားတွေကတော့ ဖွံ့ဖြိုးသည်ကို အခုမှဒေါ် နုနုရှိန် သတိထားမိပါသည်။ဒါတွေက သူမ၏ ချစ်သူအတွက် ကစားကွင်းကောင်းတခု ဖြစ် ချင်ဖြစ်နေခဲ့ပေလိမ့်မည်။ အခုတော့ လိင်တံအတု ဖြင့် စိတ် ဖြေနေသည် ဆိုသည့် စန္ဒာ့ ကို နားမလည်နိုင်သလို ဘာကြောင့်ဒီလိုလုပ်ရသနည်းဟု သိချင်စိတ်လည်းပြင်း ပြ မိသည်။ဒေါ်နုနုရှိန် ဆယ့်လေးနှစ်သမီးမှာ အပျိုဖြစ်ခဲ့ပြီး အခုဆိုရင်အသက်လေးဆယ်ပြည့်ပြီးခဲ့ပြီ။ နှစ်ဆယ့်ခြောက်နှစ် ဆို သည့်ကာလတခုမှာ လိင်ကိစ္စကို ဘာကြောင့်ကိုယ်နှင့် မဆိုင်သ လို နေခဲ့ပါလိမ့်ဟုလည်းတွေးမိ၏။ အရွယ် ရောက် သည်စမှပြီး ယောက်ျားသားတွေ၏ လိုချင်တပ်မက်မှုတွေ ပိုင်ဆိုင်လိုမှုတွေ မရေမတွက်နိုင်အောင် ကြုံ ခဲ့ပြီး သည့်အတွက် မိမိ လှသည့် အကြောင်း ဒေါ်နုနုရှိန်သိပါသည်။ လက်တွဲဖေါ်ယောက်ျားသား တယောက် ရဖို့ ဘယ် လိုမှ မခက်ပါ။ ခုအရွယ် အထိတိုင်အောင် ကမ်းလာသည့် လက်တွေကို ရှောင်ဖယ် နေရသည် မဟုတ်ပါ လား။ ရတာမလို လိုတာမရဟု အပျိုကြီးတွေကို ပြောစမှတ်ရှိကြသော်လည်း ဒေါ်နုနုရှိန် အတွက် ကတော့ လိုချင်သူ များလွန်းခြင်းကြောင့် တယောက်ထဲဖြစ်ရခြင်းလို့ ဆိုမယ်ဆိုရင်ဆိုနိုင် ပါသည်။ များပြားသည့် ကမ်းလှမ်းမှု တွေ ကြားမှာ ဘာကိုရွေးရမှန်း မသိနိုင်အောင်ဖြစ်ခဲ့ ရ သည်။ မျက်စိမှိတ်ရွေးချင်စိတ်ပေါက်လောက်အောင်လည်း ဘယ်သူ့ကိုမှ မတပ်မက်မိခဲ့။ အချစ်ဆိုသည့် အရာက ဒေါ်နုနုရှိန် နှလုံးသားတံခါးကို ဖြတ်ကျော်ဝင်လာဖို့ အသာ ထား၊ တံခါးခေါက်သံလေးပင် မပေးခဲ့ပေ။တက္ကသိုလ် ကျောင်းသူဘဝ အလှဆုံးနှင့် အတောက်ပဆုံးအချိန်မှာ မိဘစကားနားထောင် သည့် သမီးအလိမ္မာ ဘဝမှာ ကျေနပ်နေခဲ့မိသလို အထင်ကြီးအားကျသည့် ဆရာမ ဘဝကို ရောက်နိုင်ရေးအတွက် စာကြိုးစားဖို့ကို သာစိတ်သန်ခဲ့၏။ လူရိုသေရှင်ရိုသေ ဆရာမဖြစ်ချင် သူက လူမှုရေးပိုင်းမှာသန့်ရှင်းဖို့ လိုသည်ဟု တွေးခဲ့မိ တာ ကြောင့်လည်းပါသည်။တက္ကသိုလ်ဆရာမ ဖြစ်လာပြန်တော့ ကျောင်းသားတွေက ဆရာမ ငယ်ငယ်လှလှလေးကို အရိုအသေ မတန် စေရန် အိန္ဒြေကြီး တခွဲသားနှင့် နေရသလို တက္ကသိုလ် အသိုင်းအဝိုင်း ထုံးစံ နိုင်ငံခြားပညာသင်သွားခွင့် ရဖို့ အရေး အတွက်စာတွေပိုကြိုးစားရပြန်သောကြောင့် မေတ္တာရေးမှာလစ်ဟင်းရပြန်သည်။ နိုင်ငံရပ်ခြားက ရ သည့်ဘွဲ့၊ လက်ထောက်ကထိက ဆို သည့်ရာထူးနှင့် ပြည့်စုံလာပြန်တော့လည်း မမျှော်လင့်ဘဲ မိခင်ကြီး၏ ကျန်းမာရေးက ဝင် လာသည်။တန်ဖိုးထားခဲ့သည့် ဆရာမအလုပ်ကိုစွန့်ပြီး ပြုစုခဲ့သည့်တိုင် မိခင်ကိုဆုံးရပြန်သောအခါ ဖခင် ကိုလည်း တဦး ထဲ ပစ်မထားနိုင်လို့ အဖေနားမှာပဲ နေရင်း နောက်တော့ အဆောင်ဖွင့်ဖြစ်သည့်အခါ အဖေတလှည့် အဆောင်တ လှည့် အချိန်ပေးရင်း အချိန်တွေကုန်ဆုံးခဲ့ရသည်။ ဖခင် မရှိတော့သည့် အခါမှာလည်း နာမည်ရနေသည့် အ ဆောင်ကို ကြိုးစားစောင့်ရှောက် နေရသဖြင့် ဒေါ်နုနုရှိန် မှာ ထွေလီကာလီ စိတ်များချိန်မရခဲ့ပါ။အခုခေတ်ကာလမှာ သမီးရည်းစား စံနှုံးတွေ ပြောင်းလဲ ကုန်ပြီလားဟု ဒေါ်နုနုရှိန် ဇဝေ ဇဝါ ဖြစ်ရသည်။ ဆိတ် ကွယ် ရာမှာ သွားပြီး လိင်ဆက်ဆံကြခြင်းက ဟိုတုန်းက အတွဲတွေ ပန်း ခြံသွားကြသလို ရုပ်ရှင်သွား ကြည့်ကြ သလို သာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတခုလို့ သတ်မှတ် ထားလိုက်ကြပြီထင်ပါသည်။ မိန်းကလေး သိက္ခာ၊ အပျိုစင် ဂုဏ်ဒြဒ်၊ စသည့် သတ်မှတ် ချက်တွေလည်း ပျောက်ဆုံးသွားခဲ့လေပြီ။ ကျောင်းဆရာမ မဟုတ်တော့သည့်တိုင် ဆရာမစိတ်၊ ဆရာမကျင့် ဒေါ်နုနုရှိန် ပျောက်မ သွားပါ။ အဆောင်သူတွေ ဆိုတာကလည်းသူမ၏ ကျောင်းသူတပည့်လေးတွေ၏ အရွယ်သာဖြစ်ရာ တပည့်လေးတွေလိုပဲ သဘောထားမိပါသည်။ ကိုယ့်ဥယျာဉ် တွင်းက ပန်းက လေးတွေလို သဘောထားပြီး စောင့်ရှောက်ချင်စိတ်၊ ပျိုးထောင်ချင်စိတ် အမြဲရှိခဲ့သည်။သူမ၏ ပန်းကလေးတွေ လှပကြပါသည်။ လန်းဆန်းတင့်တယ်ကြပါသည်။ သို့သော်လည်း အတွေး အမြင်ပိုင်းမှာတော့ ဒေါ်နုနုရှိန် ဖြစ်စေချင်သည်နှင့် များစွာခြားနား ခဲ့ပြီမှာ အမှန်ဖြစ် တော့၏။ဒါပေမယ့် သူမ၏ မိန်းကလေးတွေက အလုပ်ခွင်မှာ ကျောင်းစာမှာတော့ အောင်မြင်ကြပါ သည်။ ရည်းစား ထား သော်လည်း၊ ရည်းစားနှင့် အိပ်သော်လည်း စိတ်လေပြီး ဆုံးရှုံးတာမျိုး လည်း ရှိမနေကြပြန်။ အိပ်ရေးမဝလို့ ရီဝေ နေသည့် ခေါင်းကို ခပ်သာသာခါရင်း ဘာကိုနား လည်ရမှန်း မသိသည့်အဖြစ်ကို တွေးနေမိ၏။သက်မာ၊ ပပ နှင့် စန္ဒာတို့ကတော့ အိမ်ထောင်သည် မဟုတ်သော်လည်း အပျိုမစစ်ကြတော့တာ သိပြီးဖြစ်သည်။ ကျန်သည့်မိန်းကလေး တွေရောဘယ်လိုလဲဟု သိချင်လာမိသည်။ အားလုံးတော့ ဒီလိုမဟုတ်နိုင်ပါ။ ဒါပေမယ့် အ ဆောင်က မိန်းကလေး တဝက်လောက်တော့ သက်မာတို့ အတိုင်းဖြစ်လောက်သည်ဟု ထင်မိပါသည်။သိချင်စိတ် ကို မထိန်းနိုင်တော့သည့် အခါ အဆောင်မှာ မိန်းကလေး တယောက်မှ မရှိတော့သည့် နေ့ လည်ခင်းတခုမှာ အ ခန်းတွေထဲဝင်ရှာမိတော့သည်။ဒေါ်နုနုရှိန်ဆီမှာ အခန်းတိုင်း၏ သော့တွေရှိနေသည်ကို ဘယ်သူမှမသိကြပါ။ ဒေါ်နုနုရှိန် ကလည်း လိုလိုမယ်မယ် သိမ်းထားသော်လည်း တခါမှထုတ်မသုံးခဲ့ ဖူးပါ။ ဒီတခါမှ ထုတ်သုံးမိခြင်းဖြစ်ပါ၏။ အဆောင် က အိမ်မ နှင့်တဆက်ထဲဖြစ်သည်။ အပေါ်ထပ်ကဖြစ်စေ အောက်ထပ်ကဖြစ်စေ အဆောင် ၀ရံတာ သို့ တန်း ဝင်နိုင်သည်။ အင်္ဂလိပ်စာလုံး L ပုံစံဖြစ်အောင် အိမ်၏ ခြေရင်းဖက် အခြမ်းကို ဖြိုပြီး နှစ်ထပ်တန်းလျား ရှည် ကြီး နှင့် တဆက်ထဲ လုပ်ထားခြင်းဖြစ်သည်။ မီးဖိုနှင့် ထမင်းစားခန်း ကိုတော့ အိမ်မ ထဲမှာထည့်ထား၏။ အခန်း ခြောက်ခန်းပဲ ရှိသည့် အောက်ထပ်ကို အရင်ဝင်ကြည့်သည်။ အောက်ထပ်က မိန်းကလေး တချို့က ဒီ နှစ်မှ ရောက်လာသည့် လူသစ်ကလေးတွေ ဖြစ်သည်။ စိတ်ထဲမှာ မလုံမလဲ ဖြစ်ရသော် လည်း အားတင်းပြီး လေ့လာ မိ၏။ သာမန်မိန်းကလေး တွေ၏ အခန်းမျိုးသာ ဖြစ်ကြောင်း မှတ်ချက်ချမိသည်။ တံမျက်စည်း လှည်း ဖို့ တော့ ဒီကလေး မတွေပျင်းပုံရသည်။ အပေါ်ကိုတက်သည့် အခါကျတော့ အရင်ဆုံး နားနှင့် ဆတ်ဆတ်ကြားခဲ့ရသည့် သက်မာ၏ အခန်း နှင့် ပပ၏ အခန်းကို ရှာသည်။ ရှာသည်ဆိုတာ က လည်း လက်ရာခြေရာ မပျက်ရအောင်သတိထားပြီး ကြည့်ရတာဖြစ် သည်။ အိပ်ယာပေါ် စားပွဲပေါ် နှင့် သော့ခတ် မထားသည့် ဘီရိုများ အံဆွဲများကို ဖွင့်ကြည့်ခြင်း မျိုးလောက်ပဲ လုပ်နိုင်သည်။ သော့ခတ်ထားတာတွေ ဆိုရင် တော့ ဘာမှလုပ်လို့ မရပေ။ သက်မာနှင့် ပပ ဆီမှာ ဘာမှထူး ခြားတာ မတွေ့သဖြင့် ကျန်တဲ့ အခန်းတွေ လိုက် ကြည့်မိသည်။ ကျောင်းသူလေး တယောက်၏ အံဆွဲထဲတွင် ကွန်ဒွန် နှစ်ခုသုံးခု တွေ့သည်။ တခြား တယောက် ဆီမှာတော့ ပဋိသန္ဓေ တားဆေးကဒ် တွေ့၏။ ဒါဆိုရင် သူ တို့လည်း ပပ တို့ နှင့် လိုင်းတူလို့ သတ်မှတ် နိုင်သည်။ ကျန်အခန်းတွေ မှာတော့ အဝတ်တွေပွရှုပ်နေတာ၊ သုံး ပြီးသား လစဉ်သုံးဂွမ်းထုပ် ကို တွေ့ရာစက္ကူ နှင့် ပတ်ပြီး အခန်းထောင့်မှာ ဒီတိုင်းပစ်ထားတာ၊ နေကြာစေ့၊ ဆီး ထုပ် အခွံတွေ များနေတာ ဒီလောက်ပဲ တွေ့ရသည်။ စန္ဒာ့ အခန်းကတော့ အပြင်ဖက် အကျဆုံး အပေါ်ထပ်ထောင့် စွန်းမှာဆိုတော့ ဒေါ်နုနုရှိန် နောက်ဆုံးမှဝင်ဖြစ်၏။ အခန်းတွေ အားလုံးထဲမှာ စန္ဒာ့ အခန်းက အလင်းရောင်အရဆုံး အကောင်းဆုံး အခန်းဖြစ်သလို အသန့်ရှင်းအ သပ်ရပ် ဆုံး ဖြစ်နေတာကို တွေ့ရသည်။ စန္ဒာက အမြဲသန့်ရှင်းသပ်ရပ်စွာ နေတတ်သလိုသူမ၏ အခန်းက လည်း အခန်းရှင် အတိုင်းပင်ဖြစ်နေသည်။ သက်တမ်းရှည် အဆောင်သူဖြစ်နေလို့ ဒေါ်နုနုရှိန် က အကောင်း ဆုံးအခန်း ကိုပေးခဲ့ ခြင်းဖြစ်သည်။ အောက်ထပ်မှာ အိမ်မနှင့် ကပ်လျက်ရှိသော ရေချိုးခန်း အိမ်သာတွေ နှင့် ဝေးသည်မှ အပ လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ရသည့် အခန်းကို သဘောကျလို့ စန္ဒာ မနေတော့ရင်ပြောင်းနေ ချင်ပါသည် ဟု ကြိုပြောထားသူတွေတောင်ရှိပါသည်။ အခန်းထဲမှာ လိုက်ကြည့်ရင်း ဒေါ်နုနုရှိန် နားထဲတွင်“ ပြီးတာနဲ့ အိပ်ယာအောက်ကို ထိုးထည့်လိုက်ရုံပဲ” ဆိုသည့် စန္ဒာစကားကို ကြားယောင်လိုက်မိပြီးနောက်တွင် မွေ့ယာကို အသာလေး မပြီး ကြည့်လိုက်မိသည်။ ခြေရင်းဖက် မှာ ဘာမှမတွေ့၍ အလယ်လောက်ကို မလိုက်တော့မှ အဖြူလိုလို မီးခိုးလိုလိုအရောင်ဖြင့် ရာဘာအချောင်းကြီး ဘွားကနဲထွက်လာသည်။ စက္ကူ တရွက်နှင့် ပတ်ထားသော်လည်း အားလုံးကို ငုံမိအောင်မအုပ်နိုင်။ ထိပ်ဖျားနှင့် အရင်းဖက် က အပြားဝိုင်းဝိုင်းတခုက အပြင်သို့ထိုးထွက်နေသည်။ ထုပ်ထားသည့် စက္ကူမှာ ရေအနည်းငယ်စိုစွတ်နေသည်ကိုလည်းတွေ့ရသည်။ လက်ထဲမှာ ကိုင်ထားဆဲ မွေ့ယာ ကို ပြန်ချဖို့မေ့ပြီးဒေါ်နုနုရှိန် ကြောင်ကြည့်နေမိသည်။ ဘယ်လောက် ကြာအောင်စိုက်ကြည့်နေမိတာကို သတိ မ ထားမိပါ။ ယောက်ျားတယောက်၏ တန်ဆာက ဒီလောက်အရွယ် အစားရှိသလား။ ဒေါ်နုနုရှိန် လည်းမမြင် ဖူး သည့်အတွက် ထူးဆန်းနေသည်။ ပိန်ပိန်ပါးပါး စန္ဒာ့ ၏ ကိုယ်လေးထဲသို့ ဒါကြီးထိုးထည့်လို့ ရသည်ဆိုတာ ကို လည်းအံံ့သြနေမိပါသည်။ ကြည့်နေရင်း အသက်ရှုမြန်လာပြီး မွေ့ယာကိုင်ထားသည့်လက်တွေ တုန်နေကြောင်း ဒေါ်နုနုရှိန် သတိပြုလိုက် မိ ပြီးသည့်နောက်တွင် အနားစပ်ကနေ ပင့်မထားမိသည့် မွေ့ယာ ကိုလွှတ်ချပစ်လိုက်သည်။ အိပ်ယာခင်း အ နား စလေးတွေကို ညီညီညာညာ ဖြစ်သွားအောင် ပြန်လုပ်ပေးရင်း လူက ကတုန်ကရီဖြစ်နေသည်။ လက်ဖဝါး တွေမှာ ချွေးပြန် နေပြီး နဖူးစပ်မှာလည်းချွေးတွေသီးနေ၏။ အသက်မဲ့သည့် ယောက်ျားအင်္ဂ ါ အတုတခုကို မြင်ရ သည့်အ စား သက်ရှိအဆိပ်ပြင်းမြွေ တကောင်ကိုမြင်တွေ့ရသလို တုန်လှုပ်မောပန်း နေရသည်။ ဒါတောင်မှ သက်မာက အ စစ်နှင့် အလွန်တူသည်ဟု ချီးမွမ်းခဲ့သည့် အရာကို တပိုင်းတစသာမြင်ခဲ့ရခြင်းဖြစ်သည်။ လက်ရာခြေရာ ပျက်မပျက် စေ့စေ့စပ်စပ် အကဲခတ်ပြီး ပြန်ထွက်လာခဲ့သည့် တိုင်အောင် ဒေါ်နုနုရှိန် ရင်တုန်မ ပျောက်သေးပါ။ အိမ်ဖေါ်ကောင်မလေး တယောက်ကို သံပုရာရည် ဖျော်ခိုင်းပြီး သောက်လိုက်ရသည်။ တနေ့ လုံး လည်း အခန်းအောင်းနေမိ၏။ ဒေါ်အေးစိန် ကို စျေးဝယ်ဖို့ ကားမောင်းပို့မည်ပြောထားတာကိုတောင် မထွက် ချင် တော့လို့ အိမ်ဖေါ်တ ယောက်ထည့်ပေးပြီး တက္ကဆီ နှင့်သွားခိုင်းလိုက်ရသည်။ တခုသော ညနေခင်းတွင် ဒေါ်နုနုရှိန် ခြံဝန်း အတွင်းလမ်းလျှောက်နေပါသည်။ တနေကုန် အလုပ်ကိစ္စ ကျောင်း ကိစ္စ နှင့် အပြင်ကိုရောက်နေကြသည့် အဆောင်သူ တွေလည်း တဖွဲဖွဲ နှင့် ပြန်လာနေကြပြီ ဖြစ်သည်။ သွားရင်း လာရင်း နှင့် ခြံဝန်း အတွင်းတွင် ဖေါက်ထားသည့် လမ်းကလေးနဘေး ပုဏ္ဏားရိပ် ပင်တန်း၏ အခြေ တွင် အာလူး ကြော်လား၊ ငါးမုန့်ကြော်လား မသိသည့် အိတ်ခွံ တခုကိုတွေ့၍ ပန်းခြံအလုပ်သမား ကိုလှရွှေတို့ လင်မယားသိမ်း ဖို့ ကျန်ခဲ့တာ ဖြစ်မည်ဟု တွေးကာ ကိုယ်တိုင်သွားကောက်လိုက်သည်။ ပုဏ္ဏားရိပ်ပင်တန်း၏ ရှေ့လမ်းဘေးတွင် တရုပ်စကားပင် တပင်ရှိပြီး အပင်ခြေတွင် ခုံတန်းလျားလေး တခု ရိုတ် ပေး ထားသည်။ ဒေါ်နုနုရှိန် ရောက်သွားချိန်တွင်ခုံတန်းလျား၌ သက်မာဆိုသည့် မိန်းကလေးထိုင်နေသည်။ အသားညို သယောင်ရှိသော်လည်း ငါးရံ့ကိုယ်လုံးလေး နှင့် ချစ်စဖွယ်ရုပ်ရည်ရှိသော သက်မာ၏ ဖခင်သည် ပြည် နယ်တခုတွင် ကြီးကြီးမာစတာ တယောက်ဖြစ်သည်။ အမ်ပီဖိုး ကလေးကို နားကြပ်တပ်ကာသီချင်းနား ထောင် ရင်း ငြိမ့်နေသည့် သက်မာက သူမ၏ နောက် ဖက်တွင် ဒေါ်နုနုရှိန် ရောက်နေသည်ကို လုံးဝ မသိပါ။ ပုဏ္ဏားရိပ် ပင်တန်း အပြင် တရုပ်စကားပင်ကပါကြားမှာ ခြားနေသည်။ သက်မာကို တချက်ကြည့်လိုက်ပြီး အိတ်ခွံလေးကို ကုန်းအကောက်တွင် မြက်ခင်းစပ်၌ ပေါက်နေသည့် စွယ်တော် ပင်ပေါက်လေး တပင်ကို ဒေါ်နုနုရှိန် မြင်လိုက်ရ၏။ ခြံထဲမှာ စွယ်တော်ပင် မရှိပါ။ ဘယ်က ဘယ်လိုရောက်လာ မှန်း မသိသည့် အပင်လေး ကို ရှင်သန်အောင် စိုက်ချင်စိတ်ပေါက်သွားသည်။ တက္ကသိုလ် ဘုန်းနိုင်၏ ၀တ္တု တွေ နှစ်ချိုက်ခဲ့ သူပီပီ စွယ်တော်ပင် ကို ဒေါ်နုနု ရှိန် သဘောကျသည်။ဒီနေရာ မှာတော့မဖြစ် နေရာရွှေ့ရမည်။ ပလပ် စတစ် အိတ်ခွံကလည်း အဆင်သင့်ရှိနေရာ အပင်ကလေး ကို မြေကြီး နှင့် ရောကာတူးယူပြီး ထည့် လိုက်လို့ရ သည်။ ရေစက်နားမှာ ဂေါ်ပြားငယ်လေး တခုသွားယူလာပြီး တူးနေတာကိုတောင် သက်မာမသိပါ။ မြေ ကလည်း ပျော့လို့ တူးလို့ လွယ်ပါသည်။ အမြစ်ပါအောင် ဝိုက်ကာတူးပြီး ပလပ်စတစ်အိတ်ထိပ်ဝကို ဖွင့်ကာထည့် နေစဉ် သက်မာ၏ နှုတ်ဆက်သံကို ကြားလိုက်ရသည်။ ဒေါ်နုနုရှိန် ကို တော့မဟုတ်ပါ။ အပြင်က ပြန်လာသည့် သူမ၏ ဘေးခန်းက ပပ ကို နှုတ်ဆက်လိုက်ခြင်းဖြစ် သည်။ အသားဖြူဖြူ၊ လုံးကြီးပေါက်လှ နှင့် ရုပ်ရည်လည်းချောသည့် ပပက သက်မာနှင့် အခန်းချင်းကပ်လျှက် ဖြစ်သလို ကျောင်းမှာလည်း တတန်းထဲတက်နေသည့် ဂုဏ်ထူးတန်းကျောင်းသူတွေ ဖြစ်သည်။ နားမှာနားကြပ် တပ်ပြီး စကားပြောလိုက်ခြင်း ဖြစ်ရာသက်မာ အသံက တော်တော်ကျယ်၏။ “ကောင်မ၊ ကုံးကွ လာပါလား၊ နင့်ကို မျိုးကို ဘယ်လောက်တောင် ဆော်လွှတ်လိုက်လဲ” နောက်မှာ ရှိသည့် ဒေါ်နုနု ရှိန်ကို နှစ်ယောက်လုံး မမြင်ကြပါ။ ပပ ခုံတန်းမှာဝင်ထိုင်လိုက်သံကြားရသည်။ “သက်မာရယ် နင့်အသံကြီးက ကျယ်လိုက်တာ၊ နားကြပ်ချွတ်ပြီး ပြောစမ်းပါ” “အေးပါ၊ အေးပါ ချွတ်လိုက်ပါပြီ၊ နင့်ကြည့်ရတာ ခြေထောက်တောင် မနည်းသယ်နေရတယ်၊ ဘယ်နှစ်ခါတောင် လုပ်လိုက်လို့တုန်း” “မှတ်တောင် မမမှတ်မိပါဘူး သူငယ်ချင်းရာ” ပပ၏ အသံက နွမ်းဖျော့ နေသည်။ “မျက်လုံးတွေလဲ စင်းလို့ အခုထိ ဖီးတက်နေတုန်းလား၊ ဘယ်မှာတုန်း၊ ခါတိုင်းလို မျိုးကို သူငယ်ချင်းအခန်း ပဲ လား” “မဟုတ်ဘူး၊ ဒီနေ့ သူတို့ဖဲဝိုင်းရှိလို့တဲ့၊ မရမ်းကုန်း ဖက်က Inn တခုကိုသွားတာ” “ဘယ်လိုလဲ၊ အေးအေးဆေးဆေး ရှိရဲ့လား” “ရှိပါတယ်၊ လူလဲရှင်းတယ်၊ နာမည်တော့ ငါလဲ မဖတ်မိဘူး” ချစ်သူနှင့် ဆိတ်ကွယ်ရာတခုသို့ သွားသည့် အကြောင်းကို ထမင်းစားရေသောက်ပေါ့ပေါ့ ပါးပါး ပြောနေသည့် သူ ငယ်မ နှစ်ယောက်၏ စကားကို နားထောင်ရင်း ဒေါ်နုနုရှိန် လက်တွေတုန်လာသည်။ ထိုင်ရာကနေ ထရပ်လိုက် ရင် မြင်သွားကြမှာစိုးပြီး မလှုပ်မယှက် ဆက်၍ထိုင်နေရသည်။ နဖူးမှာ ချွေးတွေစို့လာတာကို တောင် သုတ်မပစ် နိုင်ရှာပါ။ “ဘယ်သူမြှောက်ပေး လိုက်တယ်မသိပါဘူး သက်မာရယ်၊ အားဆေး အကောင်းစားတဲ့၊ အဲဒါသောက်ပြီးတော့ ငါ့ ကို ဒုက္ခ ပေးတော့တာပဲ၊ တခါပြီး ဖို့ တနာရီလောက်ကြာတယ်၊ လူလဲသေချင်စော်နံလာတာပဲ၊ အခုထိနာနေတုန်း ပဲ၊ ဗိုက်တောင်အောင့်တယ်” “မှတ်ပြီလား၊ ရဲမင်းစိုးကို မဖြတ်ပါနဲ့ လို့ငါတားရဲ့သားနဲ့ နင်နားမှ မထောင်တာ၊ မျိုးကို ရုပ်ကိုက ထန်တဲ့ ရုပ်” “ဆေးသောက်လိုက်လို့ပါဟယ်၊ အရင်ဒီလို မဟုတ်ပါဘူး၊ နောက်ဒါမျိုးဆိုရင်တော့ ဆောရီးပဲ ပြောခဲ့တယ်၊ ရေချိုး လိုက်ဦးမယ် ဟာ၊ ဒီညတော့ TV တောင်ကြည့်နိုင်တော့မယ် မထင်ဘူး” “ဟေ့ ဒီနှစ်ယောက် ဘာတွေ အတင်းတုတ်နေတာလဲ” “ဘာမှ မဟုတ်ပါဘူး မမစန္ဒာ” ပပ လေးတွဲ့သည့်ခြေလှမ်းတွေ နှင့် အဆောင်ဖက်ကို လျှောက်သွားသည်။ နောက်ရောက်လာသည့် စန္ဒာက တော်ဝင်ပန်း ၏ ဝါရင့် အဆောင်သူဖြစ်သည်။ ကျောင်းသူဘဝ ကထဲက နေခဲ့ပြီး အခုဆိုရင် နိုင်ငံခြားကုမ္ပဏီ ကြီးတခုမှာ ဒေါ်လာအများကြီးရသည့် မန်နေဂျာမလေး တယောက်ဖြစ်နေပါပြီ။ အနည်းငယ် ပိန်သယောင်ရှိ သော်လည်း သူ့အ တိုင်းအတာနှင့် သူကြည့်ကောင်းသူလေး ဖြစ်သည်။ ဒေါ်နုနုရှိန် နှင့် အရင်းနှီးဆုံး အဆောင် သူ လည်းဖြစ်သည်။ “မိပ က ဘာဖြစ်တာလဲ၊ လေတိုက်ရင်လဲမယ့် ပုံနဲ့၊ သူ့ချစ်ချစ် ဆီက ပြန်လာတာလား” “သေချာတာပေါ့ မမရယ်၊ မျိုးကို ဆိုတဲ့ ငနာလက်ချက်ပေါ့၊ အဲဒီကောင်သိပ်မွှန်တာ” “အင်းပေါ့၊ ပပ လိုအလုံးအထည်နဲ့ တောင်ယိုင်ဆင်းလာတာပဲ၊ သဘောပေါက်ပါတယ်၊ သက်မာချစ်ချစ်ကရော ဘယ်လိုလဲ” “ငြိမ်းချမ်း က အေးဆေးပါ၊ သက်မာ သဘောမတူပဲ ဘာမှမလုပ်ဘူး” “ဒါပေမယ့် သက်မာက လည်းအမြဲသဘောတူတယ် မဟုတ်လား” ရယ်သံလေးတွေ လွင့်လာသော်လည်း ဒေါ်နုနုရှိန် နားမှာမချိုပါ။ အဆောင်မှာ အသက်အကြီးဆုံး၊ ဝါအရင့်ဆုံး ဖြစ်လျက်နှင့် ဒီကလေးမတွေ ကို မဆိုမဆုံးမသည့် အပြင် မိမိ ကို လည်း ဒီလိုမျိုးတွေ ရှိနေတာကို အသိမပေး သည့် စန္ဒာ ကို စိတ်ထဲက ကျိတ်ပြီး အပြစ်တင်နေမိသည်။ “သက်မာ တို့က တခါတလေ မှပါ မမရယ်၊ ကျောင်းပိတ်ရက်ကြုံတာမျိုးမှ တညင်ကျောက်တန်း ဖက်ကို ကား မောင်းထွက်ကြတာလောက်ပါ၊ ဟီး …ဟီး” “တခါ တလေ ဆိုပေမယ့် မပေါ့နဲ့နော်၊ ငြိသွားရင်ခက်မယ်” “ငြိမ်းချမ်းက သက်မာထက်တောင်ကြောက်တတ်သေးတယ်၊ ဆိုင်ကယ်စီးရင် အမြဲတမ်း ဦးထုပ်ဆောင်းတယ်” “တော်သေးတာပေါ့၊ သက်မာ အလုပ်မရှုပ်တော့ဘူး” “အင်း …. ပပ ကတော့ဆေးထိုးတယ်၊ ညီမတော့ ဆေးခန်း မသွားရဲပေါင်၊ ရှက်စရာကြီး၊ တကယ်တော့ ရည်းစား ထားရတာလဲ ရှုပ်ပါတယ်၊ မမစန္ဒာလို အတုကြီးသုံးတာပဲ ကောင်းပါတယ်။” “ဟောတော် … ရှင်က ဘယ်လိုသိတာတုန်း၊ ချောင်းစရာ အပေါက်လည်း မရှိပါဘူး ရှက်လိုက်တာ” “ကိုယ့်ညီမလေးပဲ မရှက်ပါနဲ့၊ သက်မာ ကလည်း မမအခန်းထဲမှာ ကပ်ကြေးလာရှာရင်း မတော်တဆတွေ့တာပါ၊ ဘယ်သူ့မှ မပြောဘူး၊ စိတ်ထဲမှာပဲထားတယ်” စန္ဒာလည်း ခေသူ မဟုတ်ပါလားဆိုသည့် အတွေးကြောင့် ဒေါ်နုနုရှိန်ပါးစပ် အဟောင်းသားဖြစ်နေမိသည်။ “ငါ့ ညီမလေး လိမ်မာတယ်၊ ညကျရင် လဘက်သုတ်ကျွေးရမယ်” “ဒါနဲ့ မမ အဲဒါကို ဘယ်ကသွားဝယ်တာလဲဟင်” “လက်ဆောင်ရတာ၊ မ တို့ဆီကို project နဲ့လာတဲ့ ဖော်ရိန်နာမ တယောက်လက်ဆောင်ပေးသွားတာ၊ သူက စန္ဒာ နင့်မှာရည်းစားရှိလားတဲ့၊ အရင်ကရှိတယ် အခုမရှိဘူး ဆိုတော့ ဆက်စ် ကိစ္စ စိတ်ဖြစ်လာရင် ဘယ်လိုလုပ် သလဲ မေးတာနဲ့ အဆင်ပြေသလိုပေါ့ လို့ပြောလိုက်တာ ပြန်ခါနီး အဲဒါကြီး ပေးသွားတာပဲ” “သူသံုးတာလား” “အသစ်ပါ၊ သူက နှစ်ခုတောင်ယူလာတာတဲ့” “အကြီး ကြီးပဲနော်၊ မမ မနာဘူးလား” “Gel သုံးရတာပေါ့၊ ကလေးတွေ သုံးတဲ့ Baby Oil ဆိုတာလေ အဲဒါနဲ့ ရတယ်၊ Water Gel ဆိုလဲရတယ်” “ခေါင်းလိမ်းတဲ့ ဟာလား” “အင်းပေါ့၊ သူကတော့ သူ့ဆီနဲ့ သူပေးသွားတာပဲ၊ ကုန်သွားတာနဲ့ သူ့ကို e-mail ပို့မေးတော့ နင်မဝယ်ချင်ရင် Water Gel သုံးတဲ့၊ အမယ်လေး သူပြန်ယူသွားတဲ့ ဟာကြီး ညီ မတွေ့ရင် လန့်မယ်၊ အထစ်အထစ် အရစ်အရစ် တွေ နဲ့ ကြောက်စရာကြီး၊ သူကပြောတော့ အဲဒါမျိုးမှ ပိုထိတာတဲ့” “သက်မာ လဲ ငြိမ်းချမ်းနဲ့ ပြတ်ရင် မမ လမ်းစဉ် လိုက်ရင်ကောင်း မလားမသိဘူး” “အတုက အစစ်လောက်ဘယ်ကောင်း မလဲ ညီမရယ်၊ တို့ က ကြိုက်မယ့်လူမရှိလို့” “မမ ပြောဖူးတဲ့ စလုံးက လူကြီးကရော” “ဟိုမှာ အိမ်ထောင်ကျသွားပြီ၊” “မမ က နှစ်မျိုးလုံးကြုံဖူးတော့ မေးကြည့်ရဦးမယ်၊ အတုနဲ့ အစစ် တော်တော်ကွာသလား” “ကွာတာပေါ့၊ အတုကို အစစ်နဲ့ ဘယ်လောက်တူအောင်လုပ်ထားလုပ်ထား အစစ်ကို မမှီဘူး” “အင်း … မမ ဆီက ဟာကတော့ တကယ့် အစစ်အတိုင်းပဲနော်၊ သွေးကြောတွေ တောင်ပါတယ်” “ဒါပေမယ့် အထိအတွေ့ကျတော့ ကွာတယ် ညီမရဲ့၊ လူ ကျတော့ အပွေ့အဖက် အနမ်းလေးတွေပါတယ် လေ၊ အတုကျတော့ စိတ်မကောက်ဘူး၊ သဝန်မတိုဘူး၊ သုံးပြီးတာနဲ့ အိပ်ယာအောက် ထိုးထည့်လိုက်ရုံပဲ၊ ကဲပါ မှောင် တောင် မှောင်တော့မယ် အထဲဝင်ရအောင်၊ သိချင် ညကျမှ ဆက်မေး ဟုတ်လား” စန္ဒာ နှင့် သက်မာ အသံတွေဝေးသွားသည် အထိ ဒေါ်နုနုရှိန် ငူငူကြီး ဆက်ထိုင်နေမိသည်။ တော်တော်လေး မှောင်လာတော့ မှထမိ၏။ ထိုင်နေတုန်းက မသိသော်လည်း ထလိုက်တော့ ခြေထောက်တွေ ထုံကျဉ်နေသည်။ လက်စ နှင့် စွယ်တော်ပင်လေး ကို အဆောင်အဝင်ဝ၏ ညာဖက်နားက လွတ်နေသည့်နေရာမှာ သွားပြန်စိုက် လိုက်ပြီး အနားရောက်လာသည့် အိမ်ဖေါ်ကောင်မလေး တယောက်ကို ရေလောင်းခိုင်းကာ အိမ်ထဲဝင်ခဲ့ သည်။ “ဆရာမ …ဆရာမ” လမ်းမှာတွေ့သည့် အဆောင်သူမိန်းကလေး တယောက်က ဒေါ်နုနုရှိန် နောက်ဖက်ကို လက်ညိုးထိုးပြသည်။ “ဘာလဲ သမီး” “ဆရာမ ထမိန် နောက်မှာ ကွက်နေတယ်” လက်နှင့်စမ်းကြည့်လိုက်ရာ စိုစိစိ ချောကျိကျိ နှင့်ဖြစ်နေ၍ အခန်းထဲ မြန်မြန်ပြေးဝင်ပြီး မီးရောင်နှင့် ဖြန့်ကြည့် လိုက်မိသည်။ လေးလက်မ ပတ်လည်လောက်ရှိမည့် အကွက်ကြီးတကွက်ကို မြင်ရသည်။ သွေးလည်း မဟုတ်ပါ။ ဘယ်ကလာသနည်း ဟု စဉ်းစားနေဆဲ မသိစိတ်၏ စေ့ဆော်မှု ကြောင့်ပေါင်ကြားကို လက်နှင့် စမ်းလိုက်ရင်း ဒေါ်နုနုရှိန် တကိုယ်လုံး အေးစက် တောင့်တင်းသွားရသည်။ သူမ၏ မိန်းမအင်္ဂ ါ အဝတွင် ရွှဲရွှဲစိုနေသည်ကို စမ်းလိုက်မိသည်နှင့် အံကို တင်းတင်းကြိတ်ပြီး အိပ်ခန်းနှင့် တွဲထားသည့် အိမ်သာထဲသို့ အပြေးဝင်လိုက်မိ ပါတော့သည်။
0 Comments